Tools

Helpful Tools

Order Tracking Form

ချောစာထုတ်စစ်ဆေးရန်




Weight & Rate Calculator

Terms and Conditions

UCL ၏ စည်းကမ်းသတ် မှတ်ချက်များ

(၁) ပေးပို့သောစာထုတ်၊ ချောထုတ်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသောကိစ္စအဝဝကို ပေးပို့သူမှတာဝန်ယူရပါမည်။

(၂) ပေးပို့သောစာထုတ်၊ ချောထုတ်များကို UCL အနေဖြင့် ဖွင့်ဖေါက် စစ်ဆေးပိုင်ခွင့် ရှိပါသည်။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှ ခိုင်မာသောအကြောင်းပြချက်ဖြင့် တောင်းဆိုလာပါက ဖွင့်ဖေါက် ပေးအပ်ခွင့်ရှိပါသည်။

(၃) ပေးပို့သူ မှ ပေးပို့သော စာထုတ်၊ ချောထုတ်များအား UCL မှ အကြောင်းကြောင်းကြောင့် ငြင်းပယ်ပိုင် ခွင့်ရှိပါသည် ။

(၄) စာထုတ်၊ချောထုတ်အတွင်းပါရှိသော အချက်အလက်များကို မှန်ကန်စွာ ဖော်ပြရပါမည်။ လွဲမှားစွာဖော်ပြမှုကြောင့်ဖြစ်ပေါ်လာသော ကိစ္စအရပ်ရပ်ကို UCLမှ တာဝန်မယူပါ။

(၅) ပြန်လည်အစားထိုး၍ မရနိုင်သော စာထုတ် ချောထုတ်များကို ပေးပို့ပါက ပေးပို့သူ၏ တာဝန်သာဖြစ်သည်။

(၆) စာရင်းသွင်းပြီးသော စာထုတ် ချောထုတ်များအတွက် ငွေပြန်မအမ်းပါ။

(၇)စာနှင့်ချောထုတ်များအတွက်လျော်ကြေးငွေ၏အများဆုံးသတ်မှတ်ချက်မှာကျပ်ငါးသောင်း (၅၀၀၀၀ိ/)ဖြစ်ပြီးဆက်စပ်တန်ဘိုးနှင့်အနာဂါတ် အကျိုးအမြတ်တို့ကို ထည့်သွင်း စဉ်းစားခြင်း မပြုပါ ။ စာထုတ် ချောထုတ်၏ မူလတန်ဘိုးမှာ ကျပ်ငါးသောင်း (၅၀၀၀၀ိ/)ထက် လျော့နည်းပါက မူလတန်ဘိုးကိုသာ ပေးလျော်ပါမည်။

(၈) သင်၏ စာထုတ် ချောထုတ်လုံခြုံမှုအတွက် သေချာစွာထုတ်ပိုးရန် အကြံပြုပါသည် ။

(၉) စွန်းထင်စေသော ပေကျံစေသော အနံ့ပြင်းသောပစ္စည်းများကို ပေးပို့ပါ ပစ္စည်းအပ်နှံစဉ်တွင် ကြိုတင်အသိပေးရပါမည် ။

(၁၀) စာထုတ် ချောထုတ်တစ်ခုအား လိပ်မူထားသောလိပ်စာသို့သာ ပေးပို့ပါမည်။ အကယ်၍ လိပ်စာပြောင်းလဲပါကငွေကျပ်တစ်ထောင် (၁၀၀၀ိ/-) ထပ်ဆောင်းပေးဆောင်ရပါမည်။

(၁၁) အမည်၊ရာထူး၊နေရာ၊ တင်ဒါနံပါတ် မတူသောစာများအား စာအိတ်တစ်အိတ်ထဲ၌ ပေါင်းထည့် ခွင့်မပြုပါ ။

ပေးပို ့ခွင့်မပြုသော ပစ္စည်းများ

(၁) တရားဥပဒေအရ တားမြစ်ထားသော မလွတ်ကင်းသော စာများ ၊ပစ္စည်းများ ၊

(၂) ငွေစက္ကူနှင့်ငွေကဲ့သို့အလားသဏ္ဍာန်တူသောပစ္စည်းများ ၊ ငွေနှင့်လဲလှယ်နိုင်သောပစ္စည်းများ၊ တန်ဖိုးကြီးသော ရွှေ ငွေ ရတနာများ ။(ချက်လက်မှတ်၊ထီလက်မှတ်)

(၃) မီးလောင်လွယ်သော ပေါက်ကွဲပျက်စီးလွယ်သော အန္တရာယ်ဖြစ်စေသော ပစ္စည်းများ ။

(၄) သက်ရှိသတ္တဝါများ ။ ဓါး ၊ လှံ အစရှိသော လက်နက်ပစ္စည်းများ ။